Sunday, November 13, 2016

မြတ်ဗုဒ္ဓရောင်ခြည်တော်

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်(၆)ပါး
မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်(၆)ပါးကို ဖော်ကျူးထားသည်မှာ-

၁။ နီလရောင်ခြည်တော်။
(နှီလာကျောက်ကဲ့သို့ ပြာညိုရောင် အဆင်းရှိသော ရောင်ခြည်တော်။)
(နီလာရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ ဆံတော်၊ မုတ်ဆိတ်တော်၊ မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနတို့မှ
ထွက်ပေါ်ကွန့်မြူးပါသည်။)

၂။ ပီတရောင်ခြည်တော်။
(၀ါရွှေရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(ပီတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ သိင်္ဂီရွှေလှော် အရေတော်၊အသားတော်တို့မှစ၍ ၀ါရွှေသော အရပ်ဌာနတို့မှ
ထွက်ပေါ်ကွန့်မြူးပါသည်။)

၃။ လောဟိတရောင်ခြည်တော်။
(အနီရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(လောဟိတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ အာတော်၊ လျှာတော်၊ နှုတ်ခမ်းတော်၊ ခြေဖ၀ါးတော်၊ လက်ဖ၀ါးတော်၊
ခြေသည်းတော်၊ လက်သည်းတော် တို့မှစ၍ နီမြန်းသော အရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၎။ သြဒါတ ရောင်ခြည်တော်။
(အဖြူရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(သြဒါတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ သွားတော်၊ စွယ်တော်၊ အရိုးတော်၊ မျက်ဖြူတော် ဥဏ္ဏလုံမွှေရှင်တော်တို့မှစ၍
ဖြူဖွေးသော အရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၅။ မဉ္စိဌ ရောင်ခြည်တော်။
(ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်။)
(မဉ္စိဌရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော် တိုင်အောင်
ရွှေကိုယ်တော်အစိတ်စိတ်မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၆။ ပဘဿရ ရောင်ခြည်တော်။
(ပြိုးပြိုးပျက်ပျက် အရောင်စုံထွက်သော ရောင်ခြည်တော်။)
(ပဘဿရ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော် အလုံးမှ ထွက်ပေါ်ကွန့်မြူးပါသည်။)

ကျမ်းကိုး-ရတနာဂုဏ်ရည် [ရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး

No comments:

Post a Comment