Sunday, November 13, 2016

သာသနာ့အလံတော်

၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။

၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။

မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်

No comments:

Post a Comment