စည်မျိုး ၁၂-ပါး တနည်း ၁၃-ပါး။ ။ မဟာရာဇ၀င်ကြီးမှ ထုတ်၍ ဖြေထားသည်။
၁ မြှောက်စည်၊
၂ သံလွင်၊
၃ စည်ပြော၊
၎ စည်ကြီး၊
၅ ဒုံမင်း၊
၆ စည်ဝန်း၊
၇ စည်သေး၊
၈ စည်ပုတ်၊
၉ စည်ပန်းတောင်း၊
၁၀ ပတ်သာ ပုံသာ၊
၁၁ တစ်ဖက်ပိတ်စည်၊
၁၂ စည်အိုင်။
မှတ်ချက်။ ။ အချို့ကား "စည်ဒိုး"ကိုထည့်၍ စည်မျိုး ၁၃-ပါးယူကြ၏။ စည်သေးနှင့်အတူမှတ်က ၁၂-ပါး ပင်ရ၏။
မဃဒေ၀လင်္ကာသစ်၌ "နန်းပွဲအလိုက်၊ နန်းထိုက်တမည်၊ ကြူးရိုက်မည်သား၊ မြှောက်စည်သံလွင်၊ ထိုပြင်ရိရော၊ စည်ပြောတသီး၊ စည်ကြီးတစ်သင်း၊ ဒုံမင်းသံမွှန်း၊ စည်ဝန်း စည်သေး၊ တရေးစည်ပုတ်၊ ပြုတ်ပြုတ်ဆော်ညောင်း၊ စည်ပန်းတောင်း ပတ်သာ၊ သညာထူးလည်၊ တစ်ဖက်စည်ကား၊ စည်အိုင်ခေါ်ရိုး၊ စည်မျိုးဆယ့်နှစ်"ဟုလာရှိ၏
Sunday, November 13, 2016
စည်၁၂ပါး၁၃ပါး
Labels:
ညီသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment