Sunday, November 13, 2016

အလက်ဇန်းဒီးယားမြို့မီးပြတိုက်

အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှအံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက် အဦဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင် အချက်ပြမီးရောင်အဖြစ် သဘောင်္များအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။
ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်းတည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ်နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။ ခန့်မှန်းချေအားဖြင့်ပေပေါင်း ၃၈၄ပေ နီးပါးရှိသော ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ်၄၀ ခန့်ရှိသော အဆောက်အဦးတစ်လုံးနီးပါးရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊ နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှတစ်ဆင့် နေရောင် ပြန်စေပြီး သဘောင်္များအား လမ်းပြကူညီခဲ့သည်။ ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား ပတ်ဝန်းကျင် ၃၅ မိုင်အကွာအဝေးမှ မြင်ရသည်ဟုဆိုကြသည်။ အဆိုပါ ကြီးမားသော မျှော်စင်မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ
ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှအလင်းရောင် ကြီးအဖြစ် သဘောင်္များအားကူညီပေးခဲ့သည်

No comments:

Post a Comment