ဘဒ္ဒကမ္ဘာ၌ပွင့်သော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမပေါင်း လေးဆူ၊ ဘဒ္ဒကမ္ဘာမှ ၃၁ ကမ္ဘာထက်၌ ပွင့်တော်မူသော သိခီ၊ ဝေဿဘူ ပေါင်း နှစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၁ ကမ္ဘာထက်၌ ပွင့်တော်မူသော ၀ိပဿီ တစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၂ ကမ္ဘာ၌ ပွင့်တော်မူသော ထိဿ၊ ဖုဿ ပေါင်းနှစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၄ ကမ္ဘာ၌ ပွင့်တော်မူသော သိဒ္ဓတ္ထ တစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၁၈ ကမ္ဘာ၌ ပွင့်တော်မူသော ပီယဒဿီ၊ အတ္တဒဿီ၊ ဓမ္မဒဿီ ပေါင်းသုံးဆူ၊ ဘဒ္ဒကမ္ဘာမှ ကမ္ဘာ ခုနှစ်သောင်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရာဘုရား သုမေဓာ၊ သုဇာတာ ပေါင်းနှစဆူ၊ ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရား တစ်ဆူ၊ ထိုပဒုမုတ္တရ ဘုရားပွင့်ရာ သာရကမ္ဘာမှ တစ်သင်္ချေထက်၌ ပွင့်တော်မူသော အနောမဒဿီ၊ ပဒုမ၊ နာရဒဟူသော ဘုရားသုံးဆူ၊ ထိုသာရကမ္ဘာမှ ကမ္ဘာနှစ်သင်္ချေထက်၌ ပွင့်တော်မူသော မင်္ဂလ၊ သုမန၊ သောဘိတ၊ ရေ၀တဟူသော ဘုရားလေးဆူ၊ ထိုသာရကမ္ဘာမှ သုံး အသင်္ချေထက်၌ ပွင့်တော်မူသော ကောဏ္ဍည တစ်ဆူ၊ ထိုသာရကမ္ဘာမှ လေးအသင်္ချေထက်၌ ပွင့်တော်မူသော တဏှဲင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ၊ ဒီပင်္ကရာ ဟူသောဘုရားလေးဆူ စသည်ဖြင့် ၁၂ကမ္ဘာ၌ ပွင့်တော်မူကုန်သော နှစ်ကျိပ်ရှစ်ဆူ၊ လောကထွတ်ထား မြတ်စွာဘုရား တို့ကို အကျွန်ုပ်သည် ကုမုဒြာရွှေကြာပွင့်ငုံ၊ ဆယ်ချောင်းရုံလျက်၊ ကြည်ယုံမြတ်နိုး၊ ဦးထိပ်မိုး၍၊ ရှိခိုးပူဇော်ပါ၏ဟု နူတ်က ရွတ်ဆိုရင်း စိတ်ကပါအာရုံပြုကြရပါသည်
No comments:
Post a Comment