Sunday, November 13, 2016

Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အားပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus ယခုSelçuk အရပ် (တူရကီ) တွင်တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ လက်ရာများဖြင့်ထုံမွှမ်းထားသည်။ ထိုအနုပညာလက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်းပါဝင်သည်ဟု ဆိုကြသည်။
အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီးစစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသောလူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအားမီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင်ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမူ့ ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင် ကွန်စတန်တီနိုပယ်(Constantinople) သာသနာပိုင်Saint John Chrysostom ၏အမိန့် ဖြင့် ခရစ်ယာန်များ၏ ဖျက်စီးခြင်းကိုခံခဲ့ရသည်။ ယခုအခါ ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး ဖောင်ဒေးရှင်း များဖွဲ့၍ပြန်လည်တူးဖော်ခြင်းပြုလုပ်နေပါသည်

No comments:

Post a Comment