သမိုင်းကြောင်းအကျဉ်း
ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)
အမြင့်ပေပေါင်း ၁၀၅ ပေရှိသော ခရစ်တော်၏ ရုပ်တုကြီးသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို(Rio de Janerio) မြို့တွင် တည်ရှိသည်။
မဟာရံတံတိုင်းကြီး (Great wall of China)
လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများအနက် မဟာရံတံတိုင်းကြီးသည် အရှည်လျားဆုံးဖြစ်သည်။ ဘီစီ ၅ ရာစုခန့်မှ အေဒီ ၁၆ ရာစုအထိ အဆင့်ဆင့် ပြုပြင်တည်ဆောက်ခဲ့သော မဟာရံတံတိုင်းကြီးသည် တရုတ်ပြည် မြောက်ပိုင်းတွင်တည်ရှိပြီး မွန်ဂိုကဲ့သို့သော ပြည်ပကျူးကျော်ရန်များမှ ကာကွယ်ရန်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ တံတိုင်းကြီး၏ ထင်ရှားသော အစိတ်အပိုင်းအား တည်ဆောက်ခဲ့သူမှာ ဘီစီ၂၀၀ ခန့်မှ ဧကရာဇ် ရှီဟွမ်တီ (Shi Huang Di) ဖြစ်သည်။
ကိုလိုစီယမ်သည် ဥရောပမှ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေးချယ်ထားသော အီတလီပြည်ရောမမြို့ရှိအားကစားကွင်းကြီး ဖြစ်သည်။ ပရိတ်သတ်ပေါင်း ငါးသောင်းကျော် ဆန့်သော ထိုအားကစားကွင်းတွင် ဂလက်ဒီယေတာ (Gladiators)များ၏တိုက်ခိုက်ပွဲများ၊ တိရစ္ဆာန်များနှင့် လူများ တိုက်ခိုက်ပွဲများအစရှိသည့် ရက်စက်သောအားကစားပွဲများ ကျင်းပခဲ့သည်။ကရာဇ် ဗက်စပါစီယန်(Vespasian) မှ အေဒီ ၇၀ ၀န်းကျင်တွင်တည်ဆောက်ခဲ့သော ထိုအားကစားကွင်း၏ ဒီဇိုင်းမှာယခုခေတ်အားကစားကွင်းများ၏ အတုယူစရာဖြစ်ခဲ့သည်
No comments:
Post a Comment