ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ လ္လင်ပေါ်တွင်ထိုင်ကာ တစ်မြို့လုံးကိုမိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို
ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ ရားဝင်ဘာသာဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။ ဘုရားကျောင်းနှင့်တကွရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်(Constantinople) ယခု တူရကီနိုင်ငံ
အစ္စတန်ဘူလ်(Istanbul) သို့ရုပ်တုကို သီးသန့်ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုးအငြင်းပွားခဲ့ကြသည်
Sunday, November 13, 2016
ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီး
Labels:
ညီသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment